စာများများဖတ်ကြပါ။အားလုံးကိုတိုက်တွန်းပါတယ်။စာဖတ်တာများလာရင် စာရေးချင်စိတ်ပေါ်လာပါလိမ့်မယ်။စာပေဟောပြောပွဲတွေကိုများများနားထောင်ပေးပါ။မသိတာတွေကို သိတဲ့သူထံမှာ သင်ကြားပါ။လတ်တလောမှာ မသိပေမယ့် စာဖတ်တာကြာလာတာနဲ့အမျှ အသိညာဏ်တွေတိုးတက်လာပြီး အပြောအဆိုကအစ ပြောင်းလဲလာပါလိမ့်မယ်။အသက်တွေတရက်ပီးတရက်ကြီးလာသလို ဦးနှောက်အသိညာဏ်တွေကိုလည်း တိုးတက်လာအောင် လုပ်ပေးဖို့လိုပါတယ်။အသက်ကြီးတိုင်း လူးကြီးလို့ ခေါ်လို့မရပါဘူး ။ သူ့ရဲ့အတွေးခေါ်နဲ့အသိညာဏ်ရင့်ကျက်မှ လူကြီးဆိုတဲ့နာမည်နဲ့ လိုက်ဖက်တာပါ။နောင်တချိန် လူကြီးဆိုတဲ့ နာမည်ကိုခံယူထားပီး အသိညာဏ်ဘာမှမရှိရင် နောင်လာမယ့် အနာဂတ်မျိုးဆက်သစ်လေးတွေအတွက် ဦးဆောင်လမ်းပြပေးသူဖြစ်မလာပဲ အနာဂတ်မျိုးဆက်သစ်တွေရဲ့ကိုယ်ရည်ကိုယ်သွေးတွေလည်း ကျဆင်းသွားပါလိမ့်မယ်။
No comments:
Post a Comment
မိတ်ဆွေတို့ စကားသံလေထားခဲ့ပါ