Monday, 23 February 2015

မိဘတွေကိုမယုံကြပါနဲ့ 

မိဘတွေဟာ သားသမီးတွေဆီမှာ စားသောက်တဲ့
အခါတိုင်း ဘာလေးတော့ စားချင်လိုက်တာလို့ 
တစ်ခါမှ မတောင်းဆိုဘူး ဘူး ထမင်းစားတဲ့
အခါတွေမှာလည်း သူတို့ ကြိုက်တဲ့ ဟင်းနဲ့ 
စားနေရတာတောင် ထမင်းမစားရသေးတဲ့သားသမီး
တွေရှိသေးတယ်ဆိုရင် ငါက ဒါတော့ မကြိုက်ဘူး
ဒါတော့ မစားချင်ဘူးလို့ ငြင်းဆိုလေ့ရှိတယ်

မယုံကြပါနဲ့ 

အသက်ကြီးလာရင် အစာအာဟာရဟာ
ပိုပြီး လိုအပ်ပါတယ် အမေရယ် ဒါကို အရင်တုန်းက
အမေကြိုက်ပါတယ်လို့  ပြောရင်တောင်
အရင်က ကြိုက်ပေမဲ့ အခုမကြိုက်တော့ဘူး
လို့ တောင် ပရိယယ် လုပ်ပြီး ငြင်းဆိုကြလေ့ရှိပါ
တယ် သားသမီးများ သတိထားကြည့်ကြပါ

ကိုယ့်ရည်းစား ဘာကြိုက်တက်လည်းဆိုတာကို
လပိုင်းအတွင်းတောင် လေ့လာနိုင်ကြပါတယ်
နှစ်ပေါင်းများစွာအတူနေလာခဲ့ကြတဲ့ ကိုယ့်မိဘ
ဘာကြိုက်တက်လည်းဆိုတာတော့ သားသမီးတိုင်း
သိနိုင်လောက်ပါတယ်

ဒါ့ကြောင့် သူတို့ မကြိုက်ဘူးဆိုလည်း ဇွတ်သာ
ကျွေးကြပါ ပူတဲ့အချိန် သင့်တော်တဲ့အစားအစာ
အေးတဲ့အချိန်လည်း သင့်တော်တဲ့အစားအစာ
များကို သားသမီးတိုင်းက အလိုက်တသိနဲ့ 
ကျွေးနိုင်ဖို့ ကြိုးစားကြပါ

သူတို့ တောင်းဆိုမှ ကိုယ်က ကျွေးရမယ်ဆိုရင်
မိဘကျေးဇူးကို ဒီတသက် ဆပ်ခွင့်ရမှာ
မဟုတ်တော့ပါဘူး ဘာ့ကြောင့်လည်းဆိုတော့
သူတို့ က ဒီတသက် ဘာမှ တောင်းဆိုမှာ
မဟုတ်လို့ ပါပဲ

စီးပွားရေးမပြေလည်တဲ့သားသမီးများရဲ့
မိဘများနဲ့ သားသမီးကို မှီခိုပြီးစားသောက်နေရတဲ့
မိဘများ အတွက်ပိုပြီး ဂရုစိုက်ပေးကြပါ

ကိုယ်ငယ်ငယ်က မိဘတွေအဆင်ပြေပြေ
မပြေပြေ အားမနာတမ်းတောင်းဆိုခဲ့ပေမဲ့
သားသမီးတွေအဆင်မပြေရင် မိဘတွေက
အားနာတက်တယ်ဆိုတာကို အမြဲသတိယကြပါ

တချို့ က
မိဘတွေအတွက် ပူစရာမလိုဘူးဆိုပြီး ဥပေက္ခာ
ပြုတက်ကြပါတယ် ပြေလည်တဲ့ မိဘတွေလည်း
သားသမီးတွေရဲ့ သိတက်မှု့ ကို အမြဲမျှော်လင့်
နေတက်တယ်ဆိုတာ သတိယကြပါ

ငယ်ငယ်က သားသမီးချင်းယှဉ်ရင် မျက်နှာ
မငယ်ရအောင် ဖြည့်ဆည်းပေးတဲ့ မိဘတွေကို
ကိုယ့်ကိုမှီခိုတဲ့အချိန်ကျမှ မိဘချင်းယှဉ်လို့ မှ
ကိုယ့်မိဘက မျက်နှာငယ်ရမယ်ဆိုရင်တော့
သားသမီးမိုက်စာရင်းထဲကိုပါသွားပါလိမ့်မယ်

ဒါ့ကြောင့်
သူတို့ လိုအပ်ချက်ကို အမြဲတမ်းစောင့်ကြည့်ဖို့ 
လိုအပ်ပါတယ်
သူတို့ ပြောစကားတွေကို မယုံကြပါနဲ……။

No comments:

Post a Comment

မိတ်ဆွေတို့ စကားသံလေထားခဲ့ပါ

Related Posts Plugin for WordPress, Blogger...